လသာမြို့နယ်တွင် လူငယ်များစွမ်းရည်မြှင့်တင်ရေးအတွက် ပြိုင်ပွဲများကျင်းပ

လသာ ဧပြီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုက်ကွမ်ဒိုအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် လူငယ်စွမ်းရည်မြှင့်တင်ရေး ပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီတွင် လသာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းသဲနုအောင်က ပြိုင်ပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာတွင် လူငယ်များ၏စွမ်းရည်နှင့် ယုံကြည်မှုများ တိုးတက်လာစေရန်၊ အပြောအဆိုနှင့် စိတ်ကူးဖန်တီးနိုင်မှုများ ဖွံ့ဖြိုးတိုးတက်လာစေရန် အထူးအရေးကြီးကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် တိုက်ကွမ်ဒိုပြိုင်ပွဲ၊ ကျပန်းစကားပြော၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆိုနှင့် စကားပုံဆက်ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အားထက်သန်စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ပထမ၊ ဒုတိယနှင့် တတိယဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

နေလင်း(ပြန်/ဆက်)