ထန်းတပင်မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ထန်းတပင် ဧပြီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က အောင်မင်္ဂလာရပ်ကွက် ဘုန်းတော်ကြီးတွင် ပြုလုပ်ပေးခဲ့သည်။

လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီမှူးဦးဆောင်၍ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး ဦးဖြိုးဝေအောင်နှင့် ဝန်ထမ်းများက ရပ်ကွက်အတွင်းရှိ အသက် (၁၀) နှစ်ပြည့်ပြီသောသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာသော ယာယီနေရပ်စွန့်ခွာပြည်သူများကို လိုအပ်သော စာရွက်စာတန်း အထောက်အထားများ အိမ်ထောင်စုနှင့် လူဦရေစာရင်းများကို တိုက်ဆိုင်စစ်ဆေးပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 မြို့နယ် (ပြန်/ဆက်)