ပန်းတောင်းမြို့နယ်တွင် ကျောင်းသားလူငယ်များ မှုခင်းဆိုင်ရာအသိပညာများ တိုးပွားစေရန်အတွက် မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကျောင်းသားလူငယ်များ မှုခင်းဆိုင်ရာ အသိပညာများတိုးပွားစေရန်အတွက် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်သတင်းစာဆရာအသင်းတို့ပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်း ရှားဖြူကွင်းတွင် ယမန်နေ့နံနက်ပိုင်းက မှုခင်းကျဆင်းရေးအသိပညာပေး ဟောပြောပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။