အမရပူရမြို့နယ်၌ နွေသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ဓါတ်မြေသြဇာစုပေါင်းရောင်းချပွဲ၊ တောင်သူပညာပေး ဆွေးနွေးပွဲနှင့် သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ ရောစပ်ကြဲပက်ပွဲ ပြုလုပ်
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာအုပ်စု၊ သာလှအေးကျေးရွာ ရွာဦးဓမ္မာရုံတွင် အမရပူရမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော နွေသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ဓါတ်မြေသြဇာ စုပေါင်းရောင်းချပွဲ၊ တောင်သူပညာပေးဆွေးနွေးပွဲနှင့် သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ (သုံးအချိုးတစ်) ရောစပ်ကြဲပက်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ပြုလုပ်ခဲ့သည်။