ရေတာရှည် ဧပြီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် တောင်ငူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက "Fire Hotspot ဖြစ်ပေါ်မှုအခြေအနေများလျော့ပါးစေရေးနှင့် စပ်လျဥ်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့တော်ခန်းမ၌ ကွင်းဆင်းအသိပညာပေးဟောပြောခဲ့သည်။
အဆိုပါဟောပြောပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးစန္ဒာက မီးခိုးမြူငွေ့အကြောင်း သိကောင်းစရာများကို အကျယ်တဝင့် ပညာပေးဆွေးနွေးပြောကြားခဲ့သည်။ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ များကို Video Clip ဖြင့် ပြသခဲ့ကြောင်း သိရသည်။
ထို့နောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဝန်ထမ်းများက မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပြီး ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ပြည်သူများ (၇၀) ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)