မိုးညိုမြို့နယ်ရှိ အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများသို့ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေး
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများ၌ စာမတတ်မြောက်သူများ စာတတ်မြောက်ရေးအတွက် ဧပြီလ ၆ ရက်နေ့မှစတင်ကာ စာသင်ဝိုင်း (၂၁) ဝိုင်းဖွင့်လှစ်၍ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က တာဝန်ရှိသူများက စာသင်ဝိုင်းများသို့ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။