မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ပြုလုပ်

မြင်းခြံ ဧပြီ ၂၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၁) နာရီ အချိန်က ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က “လူငယ်များ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိအောင် သုတ/ ရသစာအုပ်များ လေ့လာဖတ်ရှုကြဖို့၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်အတွက် အားကစားပြုလုပ်ခြင်းများကိုလည်း လုပ်ဆောင်ကြဖို့၊ ကျောင်းပိတ်ရက်များတွင် အချိန်များကို လစ်ဟာမှုမရှိဘဲ မိမိတို့ ဝါနာပါသည့် လုပ်ငန်းကဏ္ဍများကို လေ့လာသင့်ကြောင်း” စသည်ဖြင့် ပြောကြားခဲ့သည်။

အဆိုပါဟောပြောပွဲသို့ ကျောင်းသားလူငယ်များ (၁၅) ဦးတက်ရောက်ခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူများအတွက် သုတ/ ရသ စာအုပ်စာစောင်များ ခင်းကျင်းပြသထားရာ စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုခဲ့ကြောင်း သိရသည်။                             

မြင်းခြံ (ပြန်/ဆက်)