ဂန့်ဂေါမြို့၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ပြုလုပ်

ဂန့်ဂေါမြို့၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ပြုလုပ် ဂန့်ဂေါ ဧပြီ ၂၄ ဦးထင်အောင်နိုင် (ပြန်/ဆက်)

မိုင်းယောင်းမြို့နယ်၌ မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မိုင်းယောင်းမြို့နယ်၌ မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း မိုင်းယောင်း ဧပြီ ၂၄ ဝေဝေခိုင်(ပြန်/ဆက်)

ပင်းတယမြို့နယ်၌ ရေချွေတာသုံးစွဲရေးအသိပညာပေး Talk Show ဆောင်ရွက်

ပင်းတယမြို့နယ်၌ ရေချွေတာသုံးစွဲရေးအသိပညာပေး Talk Show ဆောင်ရွက် ပင်းတယ ဧပြီ ၂၃ ဒေသပြန်/ဆက်

ချည်ထိုး ပန်းထိုးနှင့် ပန်းအလှထိုးနည်း သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အင်းတော်မြို့နယ်ရုံး Community Centre ခန်းမတွင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အင်းတော်မြို့ ပန်းဝါသနာရှင်များ ပူးပေါင်း၍ ချည်ထိုး၊ ပန်းထိုးနှင့်ပန်းအလှထိုးနည်း သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အောင်လံမြို့၌ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ပြည်သူများထံသို့ တိုက်ရိုက်ရောင်းချပေးလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့ဦးဆောင်၍ ပြည်သူများအစဉ်ပြေစေရန် အခြေခံစားသောက်ကုန်နှင့် သားငါးများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့နံနက် ၇ နာရီက တရော်ကုန်းရပ်ကွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့ တွင် ရောင်းချပေးခဲ့သည်။

ထန်းတပင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် စီမံကိန်းရည်မှန်းချက်တာဝန်များ ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း ဒေသန္တရစီမံကိန်းနှင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုလျာထားချက်များ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် (ဧပြီလမှမတ်လ) အထိ ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့၊ နံနက်ပိုင်းက ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် (MSME) လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် မိုမိုကြိမ်ဗေဒါလုပ်ငန်းမှ ဦးစံဝင်းအား တွေ့ဆုံမေးမြန်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက် (၉) အကောင်အထည်ဖော် စီးပွားရေးဦးတည်ချက်တွင် ပါဝင်သော တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ (MSME) ပို့ကုန်ကဏ္ဍမြှင့်တင်ရေးဆိုသည့် ချမှတ်ပြီး တွန်းအားပေး မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။

ပန်းတနော်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား အစိုးရဝန်ထမ်း ပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေးခြင်းကို ဧပြီလ ၂၁ ရက်နေ့မှ စတင်၍ ထုတ်ပေးလျက်ရှိသည်။

၂၀၂၄-ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အနီးကပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၏ ဦးဆောင်ကာ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ရွက်ပုံးသီး အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မျိုးဆက်သစ်လူငယ်လူရွယ်များ မြို့နယ်မှတစ်ဆင့် ခရိုင်အဆင့်၊ ခရိုင်မှတစ်ဆင့် တိုင်းအဆင့် ယှဥ်ပြိုင်ပြီး အလားအလာ ကောင်းသော လူငယ်လက်ရွေးစင် ၊မြန်မာ့မာ့လက်ရွေးစင် ဘော်လီဘော အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် နိုင်ငံတော်မှ ချမှတ်ထားသော ထူးချွန်ထက်မြတ်သော မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာစေရေးကို အလေးထားရည်ရွယ်ပြီး ၂၀၂၄-ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီမှစတင်ပြီး မုံရွာမြို့ ပြည်သူ့အားကစားကွင်း မိုးလုံလေလုံခန်းမ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ စာစီစာကုံးရေးသားနည်း သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး စာစီစာကုံးရေးသားနည်း သင်တန်းဖွင့်ပွဲကို ဧပြီ ၂၄ ရက်နံနက် ၉ နာရီခွဲက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
Subscribe to