ချည်ထိုး ပန်းထိုးနှင့် ပန်းအလှထိုးနည်း သင်တန်းဖွင့်လှစ်

အင်းတော် ဧပြီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အင်းတော်မြို့နယ်ရုံး Community Centre ခန်းမတွင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အင်းတော်မြို့ ပန်းဝါသနာရှင်များ ပူးပေါင်း၍ ချည်ထိုး၊ ပန်းထိုးနှင့်ပန်းအလှထိုးနည်း သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီအားလပ်ရက်များတွင် လူငယ်များအနေဖြင့် အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချနိုင်ရေး၊ မိမိတို့ဝါသနာပါရာ လုပ်ငန်းများကို လေ့လာနိုင်ပြီး စိတ်ပါဝင်စားစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး၊ မိမိတတ်ကျွမ်းထားသည့် ပညာရပ်များကို ကောင်းကျိုးရှိရှိ ကြံဆအသုံးပြုတတ်နိုင်စေရေးတို့အတွက် ရည်ရွယ်၍ သင်တန်းများကို ဖွင့်လှစ်သင်ကြားရခြင်းဖြစ်ပါကြောင်း အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးကျော်သီဟက ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်သင်တန်းနည်းပြများဖြစ်သည့် ဒေါ်သိင်္ဂီထွန်းနှင့် ဦးမြင့်ဇော်တို့က သင်တန်းတွင် သင်ကြားပြသပေးမည့် အကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းအား အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ဧပြီလ (၂၃) ရက်နေ့မှ (၂၇) ရက်နေ့အထိ (၅) ရက်ဖွင့်လှစ်သွားမည် ဖြစ်သည်။ သင်တန်းတွင် လက်မှုပညာများဖြစ်သည့် ချည်ထိုး၊ ပန်းထိုးနှင့် ပန်းအလှထိုးနည်းများကို သင်ကြားပြသပေးသွားမည်ဖြစ်ပြီး သင်တန်းသား/ သင်တန်းသူ ၂၂ ဦး တက်ရောက်သင်ကြားလျက် ရှိကြောင်း သိရသည်။

ကျော်သီဟ

မြို့နယ် (ပြန်/ဆက်)