မြဝတီ ဧပြီ ၂၅
ကရင်ပြည်နယ်၊ မြဝတီမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကြီးမှူး၍ ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) နာရီက အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်သန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရက်(၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် အသက်(၁၀)နှစ်အထက် ပြည်သူ (၅၅) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်သူများ၏ လက်ဝယ်အရောက် ပေးအပ်ပွဲ အခမ်း အနားကို ဆက်လက်ကျင်းပခဲ့သည်။
ထိုသို့ ပေးအပ်ရာတွင် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်သန်း၊ မြို့နယ်စိမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်၊ မြို့နယ်စိမံခန့်ခွဲ့ရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် (၂) ဦးအောင်မျိုးထွန်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်အောင်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး၊ အမှတ် (၅) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစည်လှိုင်တို့က ပြည်သူတစ်ဦးချင်းစီ၏ လက်ဝယ်အရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပေးအပ်ခဲ့ကြသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိပြီးသည့် ပြည်သူများကို UID Unique Indentity လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို တာဝန်ရှိသူများက လိုက်လံကြည်ရှုခဲ့ကြပြီး ဆောင်ရွက်ပြီးစီးသည့် UID Unique Indentity ကတ်ပြားများကို ပြည်သူများ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)