အုတ်ဖို မေ ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် မေလ ၄ ရက်နေ့ ညနေ ၇ နာရီ ၄၀ အချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၇)လုံးအမိုးလန်ပျက်ဆီး၍ (၂)လုံးပြိုလဲ ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် တင်းဂုတ်ကြီးအုပ်စု၊ တင်းဂုတ်ကြီးကျေးရွာတွင် နေအိမ် (၅)လုံး၊ အိုးသည်ကုန်းမြို့၊ ရွာသစ်ရပ်ကွက်တွင် နေအိမ်(၂)လုံး စုစုပေါင်းနေအိမ်(၇)လုံးအမိုးလန်ခဲ့ပြီး နေအိမ်(၁)လုံးနှင့် ရွာသစ်ရပ်ကွက်တွင် နေအိမ်(၁)လုံး စုစုပေါင်းနေအိမ်(၂)လုံး ပြိုလဲပျက်ဆီးဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်းနှင့် လူနှင့်တိရစ္ဆာန်များထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ထောင်စုများအား မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့်ဆွေမျိုးသားချင်းများမှ နေထိုင်စားသောက်နိုင်ရေးကူညီဆောင်ပေးလျက်ရှိကြောင်း သိရသည်။
အောင်သူ (အုတ်ဖို)