(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ကံမမြို့နယ်၌ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်

ကံမ မေ ၅

၂၀၂၄-ခုနှစ်၊ မေ(၅)ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ကံမမြို့နယ် မီးသတ်ဦးစီးဌာန၌ ယနေ့နံနက်(၉)နာရီက ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃)ဦးတင်အောင်ဝင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင် မိသားစုများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အောင်နန်းရိပ်သာကျောင်း ဆရာတော်ထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး မြို့နယ်မီးသတ်ဦးစီးမှူးဦးရဲညွန့်က ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများကို ဆပ်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်ထံမှ အနုမောဒနာတရားနာယူကြ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ကြသည်။ ထို့နောက် ဆရာတော် သံဃာတော်များအား မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်မိသားစုများက ဆွမ်းခဲဖွယ် အချိုဖျော်များ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)