ကျောက်ဆည် မေ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဟန်မြင့်မိုရ်ကျေးရွာအုပ်စုနှင့် အုပ်စုဝင်ကျေးရွာအုပ်စုတွင် ယနေ့နံနက် (၉) နာရီက နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကဒ်များကိုင်ဆောင်နိုင်ရေး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများမှ အိမ်ထောင်စုလူဦးရေစာရင်းများနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ အိမ်ထောင်စုလူဦးရေစာရင်းများနှင့် နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးရာတွင် ယခင် အိမ်ထာင်စုဝင်စာရင်းများထဲမှသေဆုံးခြင်း၊ နုတ်ထွက်ခြင်းများအတွက်ပယ်ဖျက်ခြင်း၊ မိသားစုဝင်တိုးပွားလာသည့်အတွက် အသစ်ဖြည့်သွင်းခြင်းများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပျောက်ဆုံး/ ပျက်စီးနေသူများ၊ အသက်(၁၀)နှစ်ပြည့်ပြီးသော်လည်း နိုင်ငံသားစိစစ်ရေးကတ်မပြုလုပ်ရသေးသူများ၊ သတ်မှတ်အသက်အပိုင်းအခြားအလိုက် အသစ်လဲလှဲခြင်းများ၊ ကိုယ်ရေးအချက်အလက်ကွဲလွဲနေမှုများ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်ဆက် (ကျောက်ဆည်)