မိုးညို မေ ၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက မြို့နယ်အတွင်း လေဘေးသင့်ခဲ့သောအိမ်ထောင်စု (၃၃) စုအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ခြင်းကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံး၌ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မေလ ၄ ရက်နေ့တွင် မြို့ပေါ် (၁) ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၄) အုပ်စု၊ ကျေးရွာ (၉) ရွာတို့တွင် ဖြစ်ပွားခဲ့သောလေဘေးမှပြိုလဲပျက်စီးနေအိမ် (၅) လုံးနှင့် အမိုးလန်နေအိမ် (၂၈) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၈၄၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု (၃၃) စုရှိ လူဦးရေ (၁၁၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး ထောက်ပံ့ငွေ (၂၄၃၆၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀၈၃၆၀၀/-) ကျပ်နှင့် ပြိုလဲနေအိမ် (၅) လုံးအတွက်ထောက်ပံ့ရေးပစ္စည်း (၁၆) မျိုး (ပလပ်စတစ်ပုံး)အပါ (၅) အိမ်ထောင်စုစာ တန်ဖိုးငွေ (၂၃၀၁၈၀/-) ကျပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးစိုးတင့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့်အတူ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက လေဘေးသင့်ပြည်သူများထံလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ကိုမင်း(ပြန်/ဆက်)