မလှိုင် မေ ၄
၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်နေ့တွင်ကျရောက်မည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မလှိုင်မြို့ အမှတ် (၂) ရပ်ကွက်ရှိ သမိုင်းဝင်ရွှေမုဌော စေတီတော်မြတ်ကြီးဝန်းအတွင်းရှိ ဘုရားစေတီများအား ရေသပ္ပာယ်ပူဇော်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို မေလ ၃ ရက် နံနက် ၉ နာရီက အဆိုပါစေတီရင်ပြင်တော်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မလှိုင်မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇေယျာအောင်နှင့်တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များက ဘုရားစေတီများအား ရေသပ္ပာယ်ပူဇော်ခြင်း၊ ရင်ပြင်တော်နှင့် ဘုရားဝင်းအတွင်း သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီးဆပ်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)