မင်းလှမြို့လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

မင်းလှ  ဇွန် ၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community Center)ခန်းမ၌ ပြည် သူများအသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍  စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇွန်လ ၁၇ ရက် မွန်းလွဲ ၂ နာရီချိန်ကပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်စန္ဒာအောင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် ဒေါ်အိအိမွန်က ဗန်းမော်တင်အောင်ရေးသားသည့် အညတရစာအုပ်မှအကြောင်းအရာတို့ကို ဖတ်ကြား‌ပြောကြားရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က အပြု သဘောဆောင်သည့်ဆွေးနွေးချက်များဖြင့် အပြန်အလှန်ဆွေးနွေးဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)