ဒေါပုံ ဇွန် ၂၀
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်စေရန်ရည်ရွယ်၍ ဇွန်လ ၁၇ ရက်နေ့ နေ့နံနက် ၉ နာရီအချိန်က အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းတွင် နယ်လှည့်ကွင်းဆင်းခြင်းလုပ်ငန်းများကို တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ဦးစွာ ဒေါပုံမြို့နယ်ပညာရေးမှူး ဒေါ်နိုင်နိုင်ဦးက ကျောင်းစည်းကမ်းများနှင့် ကျောင်းနေပျော်၍ စာတော်ရေးဆိုင်ရာအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချစ်စုဝေက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဖတ်သင့်သည့်စာအုပ်စာပေများနှင့် စာပေဖတ်ရှုခြင်းမှ ရရှိလာမည့်အကျိုးကျေးဇူးများကို ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ရွှင်လန်းထက်မြက်စေရေးအတွက် ဉာဏ်စမ်းမေးခွန်းများမေးမြန်းကာ အဖြေမှန်သူများအား စာရေးကိရိယာများ လက်ဆောင်ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသသည့် ဗဟုသုတရဖွယ်နံရံကပ်စာစောင်များနှင့် စာအုပ်၊ စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)