ညောင်ရွှေ မေ ၆
၂၀၂၆-ခုနှစ် Grate 10 လူရည်ချွန်ေကျာင်းသားမောင်မယ် ၁၃၂ဦး၊ ကြီးကြပ်ဆရာ၊ ဆရာမ ၁၈ ဦးတို့သည် မေ ၆ ရက် နံနက် ၆နာရီတွင် နေပြည်တော်စုရပ်မှ စတင်ထွက်ခွာ၍ ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ကလောမြို့သို့ နံနက် ၁၀နာရီခွဲတွင်ရောက်ရှိလာရာ ကလောခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်၊ အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းမှူး ဒေါ်ယဉ်မင်းစုနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပန်းစည်းများကမ်း၍ လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြသည်။
ဘင်ခရာတပ်ဖွဲ့နှင့် ကျောင်းသား၊ ကျောင်းသူလေးများ၊ ဒေသခံတိုင်းရင်းသားပြည်သူများကလည်း လမ်းဘေးဝဲယာတစ်လျှောက် နိုင်ငံတော်အလံငယ်များ၊ ရှမ်းပြည်နယ်အလံငယ်များ၊ လူရည်ချွန်အလံငယ်များ ဝှေ့ယမ်း၍လည်းကောင်း၊ တိုင်းရင်းသားရိုးရာအကအလှများဖြင့်လည်းကောင်း၊ အိုးစည်ဗုံမောင်းများ တီးမှုတ်၍လည်းကောင်း သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြသည်။
ထို့နောက် လူရည်ချွန်မောင်မယ်လေးများသည် ကလေမြို့မှ ဆက်လက်ထွက်ခွာလာရာ ညောင်ရွှေမြို့နယ် ခေါင်တိုင်ကျေးရွာ အင်းလေးခေါင်တိုင်လူရည်ချွန်စခန်းသို့ နေ့လည် ၁၂နာရီတွင် ရောက်ရှိလာရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့် ဌာနဆိုင်ရာများ၊ ဘင်ခရာတပ်ဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူလေးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများက ပန်းစည်းများဖြင့်လည်းကောင်း၊ နိုင်ငံတော်အလံငယ်များ၊ ရှမ်းပြည်နယ်အလံငယ်များ၊ လူရည်ချွန်အလံငယ်များ ဝှေ့ယမ်း၍လည်းကောင်း၊ တိုင်းရင်းသားရိုးရာအကအလှများဖြင့်လည်းကောင်း၊ အိုးစည်ဗုံမောင်းများ တီးမှုတ်၍ လည်းကောင်း သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ