ကလောမြို့၌ ၂၀၂၆ ခုနှစ်၊ Grade 10 လူရည်ချွန်မောင်မယ်များအား ကြိုဆို

ကလော မေ ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ က‌လောခရိုင်၊ ကလောမြို့၌ မေလ ၆ ရက်နေ့နံနက် ၁၀ နာရီခွဲက မြို့ဝင်ရှိ ရှမ်းပြည်နယ်ကိုယ်စားပြု ရှမ်းမောင်နှံရုပ်မှ ပြည်ထောင်စုလမ်းမကြီးတလျှောက်တို့တွင် Grade 10 လူရည်ချွန်မောင်မယ်များအား ဘင်ခရာတပ်ဖွဲ့မှ‌ ဦးဆောင်၍ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြ‌ကြောင်း သိရသည်။

ထိုသို့ Grade 10 လူရည်ချွန်မောင်မယ်များအား ကြိုဆိုရာတွင် ရှမ်းပြည်နယ်ပညာ‌ရေးမှူး၊ က‌လောခရိုင်အ‌ထွေထွေအုပ်ချုပ်ဦးစီးဌာန၊ ခရိုင်အုပ်ချုပ်‌ရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်‌ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ပညာ‌ရေးဝန်ထမ်းများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့နှင့် ကျောင်းသား၊‌ ကျောင်းသူများက အိုးစည်၊ဗုံ၊မောင်းများဖြင့် Grade 10 လူရည်ချွန်မောင်မယ်ကျောင်းသား၊ ကျောင်းသူ ၁၃၂ ဦးနှင့် နည်းပြဆရာ၊ ဆရာမ ၁၆ ဦး၊ စုစုပေါင်း ၁၄၈ ဦးတို့အား ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။ ထို့နောက် Grade 10 လူရည်ချွန်မောင်မယ် ကျောင်းသား၊ ကျောင်းသူများနှင့် နည်းပြဆရာ၊ဆရာမများ ပါဝင်သည့်အဖွဲ့သည် နံနက် ၁၁ နာရီအချိန်တွင် ညောင်ရွှေမြို့၊ အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းသို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)