ညောင်တုန်းမြို့နယ်၌ လူရည်ချွန်မောင်မယ်များအား ကြိုဆို

ညောင်တုန်း မေ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ဧရာ၀တီတိုင်းဒေသကြီးအတွင်းရှိ ချောင်းသာကမ်း‌ခြေနှင့် ငွေဆောင်ကမ်း‌ခြေသို့ ‌‌ လေ့လာရေးခရီးသွားရောက်မည့် လူရည်ချွန်မောင်မယ်များအား ယနေ့ မွန်းလွဲပိုင်းက ဆားမလောက်ကျေးရွာ၊ ရန်ကုန်- ပုသိမ်ကားလမ်းတစ်‌လျှောက် သတ်မှတ်‌ နေရာများအလိုက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောမျိုးသီဟ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း (၂၇၀) ဦးခန့်တို့က ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)