သဲကုန်းမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ ယဉ်ကျေးလိမ္မာစေရန်(တနင်္ဂနွ)အပတ်စဥ် ဓမ္မစကူးလ်ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်သင်ကြား

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် အရှင်ဣန္ဒ (ရွှေသဲကုန်းဓမ္မစကူးလ်တာဝန်ခံဆရာတော်) ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူ ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန် ရည်ရွယ်၍ ရွှေသဲကုန်းဓမ္မစကူးလ် (တနင်္ဂနွေ) အပတ်စဥ်ဗုဒ္ဓဘာသာသင်တန်းကို ဇွန် ၂၂ ရက်နေ့ နံနက်(၈)နာရီက ရပ်ကွက်(၄)၊ ပေါက်တောရပ်၊ ရွှေဘုန်းရှိန်ဘုရားလမ်း၊ တပ်မင်္ဂလာတိုက်ကျောင်းရှိ ရွှေသဲကုန်းဓမ္မစကူးလ်သင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်း (၁၀၉၄) ဦးတို့၏ ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ယင်းမာပင်မြို့တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး TalkShow ကျင်းပ

ယင်းမာပင်မြို့တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး TalkShow ကျင်းပ ယင်းမာပင် ဇွန် ၂၄ ခရိုင် (ပြန်/ဆက်)

ပြည်ကြီးတံခွန်မြို့နယ် အ.ထ.က(ခွဲ) လ (၂၅) ကျောင်းတွင် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ.ထ.က(ခွဲ)လ (၂၅) ကျောင်းတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေဆောင်ရွက်သည်။

ဟင်္သာတမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုးပွဲကျင်းပ

ဟင်္သာတမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုးပွဲကျင်းပ ဟင်္သာတ ဇွန် ၂၄ ခရိုင်(ပြန်/ဆက်)

မန္တလေးမြို့တွင် (၃၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့၊ မန္တလေးမြို့တွင် ကျင်းပပြုလုပ်မည့် (၃၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၂၃ ရက်နေ့ နံနက်ကိုးနာရီခွဲက တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်သည်။

အမရပူရမြို့နယ်အတွင်း ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ရေဘုတ်-တောယား-ဘောဘုံ-ကင်းဘတ်လမ်း ကတ္တရာခင်း

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်အတွင်းတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေ ကျပ် ၁၃၀ ဒသမ ၀၆၉ သန်းဖြင့် ရေဘုတ်-တောယား-ဘောဘုံ-ကင်းဘတ်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း အလျား ၀ ဒသမ ၅၀၃ ကီလိုမီတာ၊ အကျယ် ၃  ဒသမ ၆၆ မီတာ၊ ဒု ၃၇၅ မီလီမီတာ လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေအား ဇွန် ၂၃ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ မျိုးအာလူးအအေးခန်း သိုလှောင်ရုံတည်ဆောက်ရေးစီမံကိန်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အောင်ပန်းအာလူးအစုအဖွဲ့မှ လာရောက်ရှင်းလင်း

ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ မျိုးအာလူးအအေးခန်းသိုလှောင်ရုံတည်ဆောက်ရေးစီမံကိန်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အောင်ပန်းအာလူးအစုအဖွဲ့ (AUNG BAN POTATO CO.,LTD)မှ ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်တွင် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လာရောက်ရှင်းလင်း တင်ပြခဲ့သည်။

ကန့်ဘလူမြို့၌ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း ဆောက်ရွက်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့် ပြည်သူများ အမှိုက်များကို စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန် ရည်ရွယ်၍ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့်လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ကန့်ဘလူမြို့ မြို့မစျေးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to