ကန့်ဘလူမြို့၌ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း ဆောက်ရွက်

ကန့်ဘလူ ဇွန် ၂၄

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့် ပြည်သူများ အမှိုက်များကို စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန် ရည်ရွယ်၍ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့်လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ကန့်ဘလူမြို့ မြို့မစျေးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကန့်ဘလူခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မွန်မွန်သော်က အမှိုက်အမျိုးအစားများနှင့် ပတ်သက်၍ အမှိုက်စို၊ အမှိုက်ခြောက်၊ ဘေးအန္တရာယ်ရှိ အမှိုက်နှင့်ပလတ်စတစ်အမှိုက်များဖြစ်ပြီး​ ပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် အမှိုက်ခွဲခြားစွန့်ပစ်တတ်သည့် အလေ့အကျင့်ကောင်းများရရှိရေး အသိပညာပေး ဟောပြောသည်။ ဆက်လက်၍ ခွဲခြားစွန့်ပစ်ရမည့် အမှိုက်လေးမျိုးအား သတ်မှတ်အမှိုက်ပုံးများအတွင်း စနစ်တကျစွန့်ပစ်ရန်နှင့် စွန့်ပစ်ရမည့်ပုံစံများကို ရှင်းလင်းပြောကြားကာ တက်ရောက်လာသူများက လက်တွေ့ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း