အမရပူရ ဇွန် ၂၄
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်အတွင်းတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေ ကျပ် ၁၃၀ ဒသမ ၀၆၉ သန်းဖြင့် ရေဘုတ်-တောယား-ဘောဘုံ-ကင်းဘတ်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း အလျား ၀ ဒသမ ၅၀၃ ကီလိုမီတာ၊ အကျယ် ၃ ဒသမ ၆၆ မီတာ၊ ဒု ၃၇၅ မီလီမီတာ လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေကို ဇွန် ၂၃ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အဆိုပါကတ္တရာလမ်းခင်းနေခြင်းကို အမရပူရခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသိန်းထွန်းဦးနှင့် မြို့နယ်တာဝန်ခံ ဦးစီးအရာရှိ(မြို့ပြ) တို့က သတ်မှတ်စံချိန်စံညွှန်းနှင့်ကိုက်ညီမှု ရှိ၊ မရှိ တို့ကိုစစ်ဆေးခဲ့ကြောင်းသိရသည်။
စိုးသီဟ(အမရ)