ကျိုင်းလပ်မြို့၌ မိုးရာသီသစ်ပင်စိုက်ပွဲအခမ်းအနား ကျင်းပ

ကျိုင်းလပ် ဇွန် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ မြန်မာ-လာအိုချစ်ကြည်ရေးတံတားသို့သွားသည့် ချဉ်းကပ်လမ်းဘေး ဝဲ/ယာတွင် ယနေ့နံနက် ၈ နာရီက မိုးရာသီသစ်ပင်စိုက်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ကျိုင်းလပ်မြို့ မြို့အုပ်ချုပ်ရေးမှူးဦးဆောင်၍ သစ်တော၊ မြို့အဆင့် ဌာနဆိုင်ရာများ၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်၊ ရေကြောင်းရဲတပ်ဖွဲ့ခွဲ၊ အရန်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ၊ ပြည်သူ့စစ်၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ အမှတ်၁/ ၂/ ၃ ရက်ကွက်ရှိ ပြည်သူများ စုစုပေါင်းအင်အား (၁၀၀)ဦး တက်ရောက်ခဲ့ကြပြီး ၎င်းမိုးရာသီသစ်ပင်စိုက်ပွဲအခမ်းအနားတွင် ပန်းမယ်ဇလီပင်၊ ကံ့ကော်ပင်၊ ခရေပင်၊ သစ်နှင်းဆီပင်၊ စိန်ပန်းနီပင် စုစုပေါင်း (၁၅၀) ပင်အား စိုက်ပျိုးခဲ့ရာ ယနေ့နံနက် ၉ နာရီတွင် အခမ်းအနားပြီးဆုံးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်)