စေတုတ္တရာ ဇွန် ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် (Community Centre)ခန်းမတွင် စာပေဝါသနာရှင်လူငယ်များမှ စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ လူငယ်နှင့် အခွင့်အလမ်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇာဇာငြိမ်းမှ စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာပေဝါသနာရှင်လူငယ် မမိုးအိရွှေမှ လူငယ်နှင့်အခွင့်အလမ်း ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မပန်းမြတ်သွယ်မှ အဆိုးနှင့်အကောင်း ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မမေဇင်ထွန်းမှ အောင်မြင်မှုရယူခြင်း စသည့်ခေါင်းစဥ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ထိုသို့ စာဖတ်ဝိုင်းများကျင်းပခြင်းဖြင့် စာပေဖတ်ရှုသည့်အလေ့အကျင့်များရရှိလာစေရန်၊ အားလပ်သောအချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန်၊ အသိပညာဗဟုသုတများ ဖလှယ်သည့် အလေ့အကျင့်ကောင်းများ တိုးပွါးလာစေရန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)