ပခုက္ကူ ဇွန် ၂၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ သွားတိုက်ဆေးအတုရောင်းချမှုရှိ/မရှိအခြေအနေကို ယနေ့နံနက် ၉ နာရီခွဲအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။
ထိုသို့စစ်ဆေးရာတွင် ပခုက္ကူခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်စိုးနှင့်ဝန်ထမ်းများ၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများပူးပေါင်း၍ ပခုက္ကူမြို့ပေါ်ရပ်ကွက်များအတွင်းဖွင့်လှစ်ရောင်းချလျက်ရှိသည့် စတိုးဆိုင်များ၊ကုန်စုံဆိုင်များတွင် သွားတိုက်ဆေးအတု၊ အစစ်ဆိုင်ရာကုန်အမှတ်တံဆိပ်များနှင့်အချက်အလက်များအား တိုက်ဆိုင်စစ်ဆေးခြင်း၊ တားမြစ်ထားသောကုန်အမှတ်တံဆိပ်ပါ သွားတိုက်ဆေးအတုများ ဖြန့်ဖြူးရောင်းချခြင်းနှင့် သိုလှောင်ထားရှိခြင်းရှိ၊ မရှိအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးကြသည်။
ဘာမီသာ(ပခုက္ကူ)