တောင်တွင်းကြီးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးအထိမ်းအမှတ်(အကြို) အသိပညာပေးနံရံကပ်စာစောင်ပြသ

တောင်တွင်းကြီး ဇွန် ၂၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူစာကြည့်တိုက်တွင် ယနေ့နံနက်()အချိန်က ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့်  အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးအထိမ်းအမှတ်(အကြို) အသိပညာပေး နံရံကပ်စာစောင် ပြသခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်ပြသရာတွင် မူးယစ်ဆေးဝါးပပျောက်ရေး နည်းဗျူဟာ ()ချက်၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မဟာဗျူဟာ ()ချက် နှင့် မူးယစ်ဆေးစွဲလက္ခာဏာများ၊ ကုသကာကွယ် မူးယစ်ဆေးအန္တရာယ်၊ မူးရစ်ဆေးဝါးဆိုးကျိုးများအကြောင်း၊ ၁၉၉၃ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများဥပဒေဖြင့် ကန့်ထားထားသော ဆေးဝါးများအချက်()ချက်၊ လူငယ်လူရွယ်များအလွဲသုံးရာမှစွဲစေတက်သည့်ဆေးဝါးများအကြောင်းစသည့် အချက်အလက်များပါရှိသည့် အသိပညာပေးနံရံကပ်စာစောင့်များ ပြသခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)