ဒိုက်ဦး ဇွန် ၂၇
ဇွန်လ ၂၅ ရက်နေ့ နံနက် ၉ နာရီအချိန်က ဒိုက်ဦးမြို့နယ်၊ ပေါက်တပင်ကျေးရွာရှိ၊ ရန်ကုန်-မန္တလေး လမ်းဟောင်းမိုင်တိုင်အမှတ် ၆၃/၃-၄ ကြား ကွင်းအမှတ် ၄၄၄ဃ ဦးပိုင် ၁က/၁၊ တောင်သူ ဦးလွင်ဦး၏ လယ်မြေ ၁၀ ဧကအတွင်း ပျိုးထောင်ထားရှိသည့် ဆင်းသုခမျိုးအား တိုင်းဒေသကြီးထုတ် လူစီးကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးသရုပ်ပြပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးမျိုးဆွေ၀င်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ စုစုပေါင်းအင်အား(၁၅၀)ဦးခန့် တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် ဦးမျိုးဆွေ၀င်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တောင်သူများအား ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် လူစီးကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးမှုအား ကြည့်ရှုအားပေးခဲ့ပြီး ၀န်ကြီးချုပ်နှင့် အဖွဲ့သည် ကောက်စိုက်စက်၊ Seeder နှင့် သွင်းအားစုများ ခင်းကျင်းပြသမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)