လိပ်သိုမြို့တွင် မိုးရာသီကာလ လက်ဖက်ပင်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် နေထိုင်ကြသော ဒေသခံပြည်သူအချို့မှာ မိုးရာသီကာလတွင် မိမိတို့၏နေအိမ်ခြံဝင်းများအတွင်း၌ လက်ဖက်ပျိုးပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိနေကြောင်း သိရသည်။

မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံမှ စက်ရုံမှူးနှင့် တာဝန်ရှိသူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသော အောင်နိုင်တိုး စပါးစိုက်ခင်းအား ကြည့်ရှု

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ(အင်းကုန်း)မှ စက်ရုံမှူး ဦးမျိုးလွင်ဦးနှင့် ဒုစက်ရုံမှူး၊ ခရိုင်မြေစာရင်းဦးစီးဌာနမှ ဦးစီးမှူး ဦးစိုးစိုးထွန်းနှင့် မြို့နယ်မြေစာရင်းဦးစီးဌာနမှ ဦးစီးမှူး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာမှ ဦးစီးမှူး ဦးချစ်ဆွေဦးနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးတို့သည် ယနေ့နံနက်ပိုင်းက အောင်မြင်ဖြစ်ထွန်း လျက်ရှိသော အောင်နိုင်တိုး စပါးစိုက်ခင်းအား ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်အပေါ်တွင် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးသွားသော သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ဘုရားရင်ပြင်တော်အပေါ်တွင် သန့်ရှင်းရေးဆောင်ရွက်ပေးသည့်အတွက် ဘုရားအကျိုးတော်ဆောင် ဂေါပကဥက္ကဋ္ဌမှ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးအရာအရှိနှင့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

လိပ်သိုဒေသထွက် နာနတ်သီးများ ဆွတ်ခူးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံပြည်သူများသည် တောင်ယာလုပ်ငန်းနှင့် ဥယျာဉ်ခြံလုပ်ငန်းအပြင် မိသားစုအပိုဝင်ငွေ ရရှိစေရန်အတွက် နာနတ်ပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြကြောင်း သိရသည်။

မုဒုံမြို့၌ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် သွားနှင့်ခံတွင်း စစ်ဆေးပေးခြင်း ဆောင်ရွက်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျောင်းသား/သူများအား သွားနှင့်ခံတွင်းစစ်ဆေးပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာမူလတန်း (စာစင်ရွာလယ်)စာသင်ကျောင်း၌ ပြုလုပ်သည်။

သံတောင်ကြီးမြို့နယ်တွင်  ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ပြည်သူများ သိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရုံးရှေ့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့ နံနက် (၁၀) နာရီက  ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကော့သောင်းမြို့၌ ဒုတိယအကြိမ် မိုးရာသီ စု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်

သစ်ပင်သစ်တောများသည်  လူသားများအပါအဝင်  သက်ရှိအားလုံး  ရှင်သန်ရပ်တည်နေထိုင်နိုင်ရန် အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် သစ်ပင်သစ်တောများ မပြုန်းတီးရေးနှင့်  တိုးပွားရှည်သန်စေရန် နိုင်ငံတစ်ဝန်းတွင် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲများကို နှစ်စဉ် ကျင်းပဆောင်ရွက်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် (၂၀၂၅)ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ကော့သောင်းမြို့  ၅၅၅ တောင်ကုန်းတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာအခမ်းအနားသို့  တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် တိုင်း‌‌ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးမှတာဝန်ရှိသူများ၊ စစ်ဗျူဟာအဖွဲ့(အခြေချ)ကော့သောင်းမှ စစ်ဗျူဟာမှူး၊ ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်မှဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာနနှင့် NGO အဖွဲ့များ တက်ရောက်ပြီး မိုးရာသီသစ်ပင်များ တစ်ပျော်တစ်ပါး စိုက်ပျိုးကြသည်။

သံတောင်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူး သိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စေရန် ရည်ရွယ်၍ Book Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာခင်စောတင့်၏ စွန့်စားမှုဆီသို့ ခြေတစ်လှမ်းစာအုပ်အား  သံ‌တောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ အသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ ဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း (အိုးဘိုကုန်း)၌ ကျင်းပပြုလုပ်သည်။

ညောင်ဦးမြို့ နတ်သမီးကမ်းပါး သာယာဝတီသင်္ဘောဆိပ် ဧရာဝတီမြစ်အတွင်း ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းသရုပ်ပြသမှုပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနက ဦးဆောင်ကျင်းပသည့် ညောင်ဦးမြို့နယ် နတ်သမီးကမ်းပါး သာယာဝတီသင်္ဘောဆိပ် ဧရာဝတီမြစ်အတွင်း ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်မှုသရုပ်ပြသခြင်း အခမ်းအနားကို ဇွန် ၃၀ ရက်၊ ၉နာရီအချိန်က ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊ ညောင်ဦးခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊  လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
Subscribe to