မြစ်သား ဇွန် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးသွားသော သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ဘုရားရင်ပြင်တော်အပေါ်တွင် သန့်ရှင်းရေးဆောင်ရွက်ပေးသည့်အတွက် ဘုရားအကျိုးတော်ဆောင် ဂေါပကဥက္ကဋ္ဌမှ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးအရာအရှိနှင့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ် သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးကို ၂၀၂၅ မတ်လ (၂၈)ရက်နေ့ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးသွားသော စေတီငယ်များ၊ ဘုရားစောင်းတန်းများ၊ အုတ်တံတိုင်းများ ပြိုကျပျက်စီးခဲ့သည့်အတွက် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ဘုရားရင်ပြင်တော်အပေါ်ရှိ ပြိုကျသွားသော ရှေးဟောင်မှန်စီထားသည့် အုတ်ကျိုးများကို ရှင်းလင်းဖယ်ရှားခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများကို မတ်လ (၂၉) ရက်နေ့မှ စတင်ပြီး နေ့စဥ်အဆက်မပျက် (လုပ်အားဒါန) ဆက်လက်ဆောင်ရွက်ပေးခဲ့သည့်အတွက်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ဘုရားအကျိုတော်ဆောင်ဥက္ကဋ္ဌ ဦးကံညွှန့်နှင့် အဖွဲ့ဝင်များမှ မြို့နယ်မီသတ်ဦးဌာန ဦးစီးအရာရှိ ဦးအောင်မင်းကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း (ပြန်/ဆက်)