ကလောမြို့နယ်၌ ပထမအကြိမ် ဓနုတိုင်းရင်းသား လူငယ်ရေးရာဖလားအလွတ်တန်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပထမအကြိမ် ဓနုတိုင်းရင်းသားလူငယ်ရေးရာ ဖလားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွှဲ ၂ နာရီက ကမ္ဘားနီကျေးရွာအားကစားကွင်း၌ ပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့ဝင်များ၊ ဓနုတိုင်းရင်းသားအဖွဲ့ချုပ်ဗဟိုနာယကနှင့်အဖွဲ့ဝင်များ၊ ဓနုတိုင်းရင်းသားအားကစားသမားများနှင့် ဓနုမောင်၊မယ်များ တက်ရောက်ခဲ့ကြသည်။

နေပြည်တော်ကောင်စီဝင်များ လယ်ဝေးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးမြင့်စိုးတို့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အမှတ် (၂) တပ်မတော်ဆေးရုံခုတင် (၇၀၀) ကျောက်ကပ်ဆေးစက်အတွက် အလှူငွေများ ပေးအပ်လှူဒါန်း

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် (၉) နာရီခွဲအချိန်တွင် အောင်ပန်းမြို့၊ အမှတ် (၂) တပ်မတော်ဆေးရုံခုတင် (၇၀၀) သို့ သွားရောက်၍ ကျောက်ကပ်ဆေးစက်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြကြောင်း သိရသည်။

မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုအနေဖြင့် မူးယစ်ဆေးဖြတ်ပြီးသူ တစ်ရာ့ခြောက်ဆယ်ကျော်အား စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ပြန်လည်ထူထောင်ရေးစခန်းအသီးသီးတွင် မူးယစ်ဆေးဖြတ်ပြီးနောက် ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုရုံး၌ ၂၀၂၅ - ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ ယနေ့အထိ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာနောက်ဆက်တွဲစောင့်ရှောက်မှုခံယူပြီးသည့် မူးယစ်ဆေးဖြတ်သင်တန်းသားဦးရေ တစ်ရာ့ခြောက်ဆယ်ကျော်အထိရှိပြီးဖြစ်ကြောင်း ယနေ့နံနက်ပိုင်းအချိန်က အဆိုပါမူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ) ဗဟိုရုံးမေတ္တာစံအိမ်ခန်းမ၌ ကျင်းပပြုလုပ်သည့် မူးယစ်ဆေးဖြတ်သင်တန်းဆင်း သင်တန်းသားများ၏ မိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားမှ သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ကျင်းပ

ပျော်ဘွယ်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဦးဆောင်၍ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက်  သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူလေးများ ပူးပေါင်းပါဝင်သည့် အဖွဲ့များဖြင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် (၉) နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်၌ မိုးစပါးစံပြစိုက်ခင်းတွင် မိုးစပါး (Seeder) စနစ်ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ မိုးစပါး (Seeder) ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့ နံနက် (၉)နာရီ အချိန်က ဝါးရုံဆိပ်အေးရွာအနာက်ရပ်ကွက်၊ ကွင်းအမှတ် (၁၅၇)၊ ဦးပိုင် အမှတ် ၅/၃(က)ရှိ တောင်သူ ဦးချစ်အောင်၏ လယ်မြေ(၄)ဧက၌ မိုးစပါး (Seeder)ဖြင့် ဆင်းသုခမျိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ချောက်မြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ်ခွဲမှမိုးရာသီ စိုက်ပျိုးစရိတ်​ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

မ​ကွေးတိုင်းဒေသကြီး၊​ ချောက်ခရိုင်၊ ချောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအတွက်၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျေးရွာအုပ်စု(၁)အုပ်စုရှိ တောင်သူဦး ရေ(၁၁၄)ဦးအတွက် ငွေကျပ်(၆၆၀) သိန်း ထုတ်ချေးပေးခဲ့ပြီး ယခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်​ချေး​ငွေ ကျပ်သိန်း(၃၀၀၀၀) ထုတ်ချေးပေးသွားမည်​ဖြစ်ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဇွန်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက် တိုက်အမှတ် ၂၃၈၆၊ ၂၃၈၇ နှင့် ဉာဏသိဒ္ဓိရပ်ကွက် တိုက်အမှတ် ၃၃၆၈၊ ၃၃၆၉ သို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား စက်ယန္တရားကြီးများဖြင့် ဖယ်ရှားရှင်းလင်းနေမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ စက်ယန္တရားများ တိုးမြှင့်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

သထုံမြို့၊ သာသနာ့ရောင်ခြည် ဗုဒ္ဓစာပေပြန့်ပွားရေးအသင်းကြီး၏ အခြေခံအဘိဓမ္မာသင်တန်းခွဲ ဖွင့်လှစ်

မွန်ပြည်နယ်၊ သထုံမြို့ သာသနာ့ရောင်ခြည် ဗုဒ္ဓစာပေပြန့်ပွားရေးအသင်းကြီး၏ အခြေခံအဘိမ္မာသင်တန်းခွဲအဖြစ် ဘဝအသုံးချကိုယ်ကျင့်အဘိဓမ္မာ မျှဝေခြင်းအစီအစဉ်ကို လိပ်အင်းရပ်ကွက်၊ ရွာဦးရှိ သုဝဏ္ဏဘူမိဝိမုတ္တိဉာဏဒဿနစေတီတော်မြတ်ကြီးဓမ္မာရုံ၌ ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်က စတင်ဖွင့်လှစ်ခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်၌ ငရုတ်သီးနှံ ခိုင်မာသော ဈေးကွက်ရရှိရေးနှင့် အရည်အသွေးမြင့်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်း(FFA)နှင့် W7 ကုမ္ပဏီတို့ ပူးပေါင်းပြီး ဒေသတွင်းရှိ ငရုတ်စိုက်ပျိုးတောင်သူများအတွက် ခိုင်မာသောဈေးကွက်ရရှိရေးနှင့် အရည်အသွေးမြင့်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ ၂၈ ရက်နေ့က ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာနှင့် သမော်အင်းကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to