သံတောင်ကြီးမြို့နယ်တွင်  ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသ

သံတောင်ကြီး ဇွန် ၃၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ပြည်သူများ သိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရုံးရှေ့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့ နံနက် (၁၀) နာရီက  ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် အလုပ်လုပ်ကိုင်နေသော ကလေးသူငယ်အခွင့် အရေးဆိုင်ရာ ဥပဒေများ၊ ကလေးသူငယ်များ၏ အကျိုးစီးပွားဆောင်ရွက်ချက်များ၊ ကလေးသူငယ်များ၏ အခွင့်အရေးကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ရေး၊ ကလေးအလုပ်သမား ပပျောက်ရေးအတွက် ဆောင်ရွက်နေမှုများ၊ ကလေးအလုပ်သမားဟူသည်အဘယ်နည်း ကလေးအလုပ်သမားသည် တရားမဝင်ပါ၊ အပြည်ပြည်ဆိုင်ရာပြဋ္ဌာန်းချက်များ  စသည့် အကြောင်းအရာများအား ပြသ ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ဒေသခံပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့် ရှုကြကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားစေရန်အတွက် နေ့ထူးနေ့မြတ်များနှင့် လစဉ်အခါအားလျော်စွာ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နော်နော်မူ (ပြန်/ဆက်)