မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံမှ စက်ရုံမှူးနှင့် တာဝန်ရှိသူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသော အောင်နိုင်တိုး စပါးစိုက်ခင်းအား ကြည့်ရှု

ကျောက်ဆည် ဇွန် ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ(အင်းကုန်း)မှ စက်ရုံမှူး ဦးမျိုးလွင်ဦးနှင့် ဒုစက်ရုံမှူး၊ ခရိုင်မြေစာရင်းဦးစီးဌာနမှ ဦးစီးမှူး ဦးစိုးစိုးထွန်းနှင့် မြို့နယ်မြေစာရင်းဦးစီးဌာနမှ ဦးစီးမှူး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာမှ ဦးစီးမှူး ဦးချစ်ဆွေဦးနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးတို့သည် ယနေ့နံနက်ပိုင်းက အောင်မြင်ဖြစ်ထွန်း လျက်ရှိသော အောင်နိုင်တိုး စပါးစိုက်ခင်းအား ကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ အောင်မြင်ဖြစ်ထွန်းလျက်ရှိသော အောင်နိုင်တိုး စပါးစိုက်ခင်း၏ မျိုးစပါးများကို ကျောက်ဆည်မြို့ စိုက်ပျိုးရေးသုတေသနခြံမှ ဝယ်ယူ၍ မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ (အင်းကုန်း)မှ ထုတ်လုပ်ထားသည့် လက်စွဲကောက်စိုက်စက်ဖြင့် ဝန်ထမ်းသက်သာချောင်ချိရေး၊ စမ်းသပ်စိုက်ပျိုးထားခြင်းဖြစ်ကြောင်းနှင့် လက်စွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းသည် စပါးစိုက်တောင်းသူများအတွက် အကျိုးကျေးဇူးများ လက်တွေ့ခံစားရကြောင်း သိရသည်။

မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ(အင်းကုန်း)အနေဖြင့် စပါးစိုက်ရာသီ၌ စပါးစိုက်တောင်သူများ မျိုးစပါးကုန်ကျမှု သက်သာရေး၊ အချိန်နှင့်ကုန်ကျမှု စရိတ်သက်သာရေး လက်စွဲမျိုးစေ့ချကိရိယာနှင့် လက်စွဲကောက်စိုက်စက်များအား သုတေသနပြုထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)