ဝေါမြို့နယ်၌ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ မြို့နယ်အဆင့် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲကို ဇွန်လ ၂၉ ရက်နေ့နံနက် ၁၀ နာရီက ဝေါမြို့နယ်ပြွန်စုကျေးရွာ (မိုးယွန်းကြီးဆည်ရေလွဲပေါက်)တွင် ဇာတ်တိုက်သရုပ်ပြပွဲကျင်းပပြုလုပ်ခဲ့သည်။

လှိုင်သာယာ(အနောက်ပိုင်း)၌ ၂၀၂၅ ခုနှစ် ခရိုင်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၊ အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ ခရိုင်အဆင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၈)နာရီက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်ကျောင်းဝင်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်ပြောင်သေကျေးရွာ လယ်ယာလုပ်ငန်းခွင်သုံး ကုန်ထုတ်လမ်းဘေးတွင် သီးပင်စားပင်နှင့် အရိပ်ရပင်များ စုပေါင်းစိုက်ပျိုး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ပြောင်သေကျေးရွာအုပ်စု၊ ပြောင်သေကျေးရွာလယ်ယာလုပ်ငန်းခွင်သုံး ကုန်ထုတ်လမ်းဘေးတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြေရေးနှင့် ကျေးရွာနေပြည်သူများ ခူးယူစားသုံးနိုင်ရေးအတွက်ရည်ရွယ်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာကုန်ထုတ်လမ်းကော်မတီဝင်များ၊ တောင်သူလယ်သမားများ၊ ကျေးရွာနေပြည်သူများနှင့် စုပေါင်း၍ယနေ့နံနက်ပိုင်းက သီးပင်စားပင်နှင့် အရိပ်ရပင်များ စုပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘက်ရဲမြို့၊ ကိုအင်းကျေးရွာတွင် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကျင်းပ

ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ (World Rural Development Day) အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ ကိုအင်းကျေးရွာရှိ ကွင်းအမှတ် ၁၅၄ ကုန်ထုတ်လမ်းဘေးဝဲယာ တွင် ယနေ့နံနက် ၈ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကိုအင်းကျေးရွာတို့ ပူးပေါင်းပြီး မိုးရာသီသစ်ပင်စိုက်ပွဲတော်ကျင်းပခဲ့ကြောင်း သိရသည်။

လဲချားမြို့နယ်တွင် ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် ကျန်းမာ‌ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)ရက်ကွက်ရှိ နောင်ခမ်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းရှူးမြို့နယ် ဝန်ထမ်းပေါင်းစုံနှင့် GEC (ပညာရေး) ငွေစုငွေချေးသမဝါယမအသင်းတို့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် မြို့နယ်ဝန်ထမ်းပေါင်းစုံနှင့် GEC (ပညာရေး) ငွေစုငွေချေးသမဝါယမအသင်းတို့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်း ကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to