သံဖြူဇရပ်၌ ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ဇူလိုင် ၁၃ ရက် မွန်းလွဲပိုင်းက သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာအုပ်စု ဘုရားလေးဆူဘုန်းတော်ကြီးကျောင်းတွင် မြို့နယ်အတွင်း နယ်မြေတည် ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြသည်။