သံတောင်ကြီးဒေသထွက် ငှက်ပျောသီးများ အထွက်နှုန်းကောင်းသော်လည်း ဝယ်လိုအားကျဆင်း

သံတောင်ကြီး ဇူလိုင် ၁၄

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာအများအားဖြင့် ဉယျာဉ်ခြံလုပ်ငန်းများ ဖြစ်သောဖာလာ၊ ကော်ဖီ၊ တညင်း၊ ဒူးရင်းသီး၊ လက်ဖက်စသည့်  နှစ်ရှည် သီးနှံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိစေရန်အတွက် နှစ်တိုပင်သီးနှံဖြစ်သည့် ငှက်ပျော်သီးပင်များကို နှစ်ရှည်ခံပင်များနှင့် ကြားညှပ်၍ စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ ငှက်ပျောသီးများ ကိုတစ်နှစ်လျှင်(၃)ကြိမ်ခုတ်ယူနိုင်ပြီးယခုလ တွင်သံတောင်ကြီး ဒေသထွက် ငှက်ပျောသီးများအထွက်နှုန်းကောင်း သော်ဝယ်လိုအားကျဆင်းကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် အဓိကစိုက်ပျိုးသောငှက်ပျောသီးအမျိုးအစားများမှာ သီးမွှေးငှက်ပျောပင်၊ ရွှေနီငှက်ပျောပင်၊ ရွှေဝါငှက်ပျောပင်များဖြစ်ပြီးအဆိုပါငှက်ပျောပင်များ စိုက်ပျိုးပြီး (၈) လခန့်တွင် ငှက်ပျောအဖူးများ စတင်ထွက်ပြီး (၁၀)လခန့်တွင်ဌက်ပျောခိုင်အရင့်များ ဆွတ်ခူးကာ သံတောင်ကြီးမြို့ပေါ်တွင်သာမ တောင်ငူမြို့ရှိ ငှက်ပျောသီးအဝယ်တိုင်များထံတွင် တင်ပို့ရောင်းချကြသည်။ ယခုနှစ်တွင်ငှက်ပျောသီးတစ်ဖီးလျှင် အရွယ်အစားအလိုက် ကျပ်(၁၅၀၀)မှ ကျပ် (၂၀၀၀)အထိရရှိပြီး ဝယ်လိုအားကျဆင်းကြောင်းငှက်ပျောသီးစိုက်ပျိုးလုပ်ကိုင်သူ တောင်သူဦးစောမောင်ဂါးထံက သိရသည်။

နော်နော်မူ