မိုးနဲ ဇူလိုင် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ် ၁၄ အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြိုအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းမွမ်းဆိုင်က အာဇာနည်နေ့အထိမ်းအမှတ် ကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပေးခဲ့သည်။ ထိုသို့ဆောင်ရွက်လိုက်ခြင်းကြောင်း အာဇာနည်ခေါင်းဆောင်ကြီးများကို မှတ်မှတ်ရရရှိနေစေခြင်း၊ နေ့ကြီးရပ်ကြီးများကို သတိတရရှိနေစေခြင်း၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြတ်လာခြင်းအပြင် ကျောင်းသား/သူများ ကျောင်းစာအပြင်ပြင်ပ စာစောင်များ လွယ်လင့်တကူဖတ်ရှုနိုင်ခြင်း၊ အသိပညာဗဟုသုတတိုးပွားလာခြင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တနှင့် ပြည့်စုံစေခြင်း၊ ဗလငါးတန်နှင့် ပြည့်စုံပြီး စာဖတ်စွမ်းရည်မြှင့်မားလာခြင်းအစရှိသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ ကျောင်းသား/သူများလေ့လာနိုင်စေရန် အာဇာနည်(၉)ဦး၏ အတ္ထုပ္ပတ္တိများပါရှိသော နံရံကပ်စာစောင်အားပြသခဲ့ရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲများ နံရံကပ်စာစောင်ပြသခြင်းများကို လစဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ရုံးရှေ့မြေစိုက်ပြဘုတ်တွင်လည်း အများပြည်သူများ သိသင့်သိထိုက်သည့် နံရံကပ်စာစောင်များကို အချိန်နှင့်တစ်ပြေးညီ ပြသလျက်ရှိကြောင်း သိရသည်။
ဦးဇင်ကိုကို