နတ်မောက် ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သင်းသင်းဝေ(ဒုတိယဦးစီးမှူး)က ကျောင်းသာ/ကျောင်းသူလူငယ်များ နေ့ကြီးရက်ကြီးများအား အစဉ်အောင်းမေ့သတိရစေရန်၊ အသိပညာဗဟုသုတများတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးဖွံဖြိုးစေရန် စာဖတ်စွမ်းရည်တိုးတက်စေရေး၊ နှုတ်မှုစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိမိရုံးရှိပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ မြို့နယ်အဆင့်ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ပါကြောင်းရှင်းလင်းပြောကြားပြီး ဒိုင်အဖွဲ့ဝင်တစ်ဦးက သတ်မှတ်ထားသည့် ပြိုင်ပွဲစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲကိုဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင် မူလတန်းဆင့်ကျောင်းသား/ကျောင်းသူများက မိမိကြိုက်နှစ်သက်သည့် ပုံပြင်ခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား မြို့နယ်ပြန်/ဆက်ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ဇူလိုင်လ (၁၈)နေ့၌ ကျင်းပမည့် (၇၈)ကြိမ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲသို့ နတ်မောက်မြို့နယ်အတွင်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)၊ အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)တို့မှ မူလတန်းဆင့် ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုုင်ကြသည်။
လှဝင်း