ကျိုင်းတောင်းမြို့၌ တောင်သူပညာပေးဟောပြောပွဲဆောင်ရွက်

ကျိုင်းတောင်း မေ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်မြို့ အမှတ် ၇ ရက်ကွက် ဝိန်းကေညင်ကျေးရွာတွင် မေလ ၉ ရက်နေ့၌ စိုက်ပျိုးရေးဌာနနှင့် မြို့အုပ်ချုပ်ရေးဌာန ပူးပေါင်း၍ တောင်သူ ပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် စိုက်ပျိုးရေးမြို့ဉီးစီးမှူးဉီးစိုင်းကျော်အေးမှ ဟောပြောပွဲတတ်ရောက်လာသော တောင်သူများအား နွေ၊မိုး၊ဆောင်း ဉတု ၃ ပါး သီးနှံစိုက်ပျိုးနိုင်ရေး၊ ဓာတ်မြေသြဇာများ စနစ်တကျအသုံပြုနိုင်ရေး​တို့နှင့် ကိုယ်ပိုင်မြေသြဇာ ထုတ်လုပ်နိုင်ရေးအတွက် အသိ ပညာများကို ဟောပြောခဲ့ကြောင်းသိရသည်။

အဆိုပါဟောပြောပွဲ၏ ရည်ရွယ်ချက်မှာ ကျိုင်းတောင်းမြို့ရှိ တောင်သူများ စိုက်ပျိုးရေးနှင့် သက်ဆိုင်​​သောအသိပညာများ တိုးပွားလာစေရန်၊ စနစ်တကျစိုက်ပျိုးတတ်စေရန်နှင့် မြေသြဇာများစနစ်တကျသုံးစွဲတတ်စေရန်ရည်ရွယ်ကြောင်း သိရသည်။

ကိုကို(ပြန်/ဆက်)