မော်လိုက်မြို့၌ သံဃာတော်အရှင်သူမြတ်များကို ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ သံဃာတော်အရှင်သူမြတ်တို့အား ကျန်းမာရေးစောင့်ရှောက်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က တောင်တလုံး ကျောင်းတိုက်နှင့် ဒီပင်္ခရာကျောင်းတိုက်တို့တွင်လည်းကောင်း၊ ညနေ(၃)နာရီအချိန်တွင် ကြောင်းပန်းကျောင်းတိုက်နှင့် နိဗ္ဗိန္ဒကျောင်းတိုက်တို့တွင်လည်းကောင်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။