ထန်းတပင်(ပဲခူး) ဇူလိုင် ၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အောင်မင်္ဂလာရပ်ကွက် ကွင်းအမှတ် (၄၅၅)ဦးပိုင်အမှတ် (၅၉/၂) ရှိ တောင်သူဦးမြင့်စိုး၏ လယ်မြေ (၃) ဧကတွင် ဆင်းသုခစပါးမျိုးအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းသရုပ်ပြပွဲကို ဇွန် ၃၀ ရက် နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
သရုပ်ပြပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းမှ ပျိုးထောင်ထားမှုအခြေအနေနှင့် ဆောင်ရွက်ချက်ပြည့်မီရေး၊ လုပ်သားရှားပါးမှုပြဿနာများအား ဖြေရှင်းနိုင်ခြင်း၊ ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အား ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် တောင်သူများမှ သရုပ်ပြပွဲအား ကြည့်ရှုလေ့လာကြသည်။
ထို့နောက် အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ (၆၀)ဦး တက်ရောက်ခဲ့သည်။
ယခုနှစ်တွင် ထန်းတပင်မြို့နယ်အတွင်း မိုးစပါး(၇၃၅၃၀)ဧကအား စိုက်ပျိုးရန်လျာထားပြီး ကောက်စိုက်စက် (၆၃၀) ဧက၊ Seeder (၂၂၅၀၀)ဧက၊ ပျိုးထောင် စိုက် (၅၀၄၀၀) ဧကတို့အား စိုက်နည်းစနစ်မှန်ကန်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)