ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း စျေးနှုန်းများ အဆမတန်မြင့်တက်မှု မရှိစေရေး ကြပ်မတ်စစ်ဆေး
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း အိမ်ဆောက်ပစ္စည်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းစျေးနှုန်းများ အဆမတန်မြင့်တက်မှု မရှိစေရေး ကြပ်မတ်စစ်ဆေးခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ဆောင်ရွက်ခဲ့သည်။