မြောက်ဥက္ကလာပမြို့နယ်တွင် ဦးတည်အုပ်စုများအအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer JN1 ဆက်လက်ထိုးနှံပေး

မြောက်ဥက္ကလာပ  ဇူလိုင် ၅

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer)JN1 ထိုးနှံပေးခြင်းကို  ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်း ဦးဆောင်ကြီးကြပ်၍  မြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်အထက်ရှိသူများ၊ သက်ကြီးရွယ်အိုများ၊ ဌာနဆိုင်ရာများအား  ကာကွယ်ဆေးရရှိသည့်အပေါ်မူတည်၍ ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ( Pfizer)JN1 ကို ရုံးချိန်အတွင်း ထိုးနှံပေးလျက်ရှိသည်။ အဆိုပါ Pfizer COMIRNATY JN-1 ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများအလိုက်စိစစ်၍ ထိုးနှံပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်  မေ ၂၅ ရက်နေ့မှ  ဇူလိုင် ၄ ရက်နေ့ထိ  Pfizer XBB- (၁၇၂၉) doses နှင့် Pfizer JN1-(၅၂၇၄) doses စုစုပေါင်း (၇၀၀၃) doses ထိုးနှံပေးပြီးဖြစ်‌ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)