စလင်းမြို့နယ်၌ ဒို့မေတ္တာကုသိုလ်(၈)မျိုးအခမဲ့ကူညီရေးအသင်းမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဒို့မေတ္တာကုသိုလ်(၈မျိုး အခမဲ့ကူညီရေးအသင်းမှ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများပေးခြင်းကို ယနေ့နံနက် ၇ နာရီမှစတင်ကာ ပုထိုးဖြူရပ်ကွက် ငွေတောင်ဦး ကျောင်းဝန်းအတွင်း၌ ကုသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။