ကျိုင်းတုံ ဇူလိုင် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုတတ်သော အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်အတွက်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက မိုင်းလပ်ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ကျိုင်းတုံမြို့၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ ခရိုင်ဦးစီးမှူးဦးစိုးနိုင်နှင့် ဝန်ထမ်းများ မိုင်းလပ်ကျေးရွာအုပ်စု ဝမ်မိုင်ကျေးရွာရှိ ဝမ်မိုင်စာကြည့်တိုက်သို့ သွားရောက်ကာ စာကြည့်တိုက်လုပ်ငန်းလည်ပတ်နေမှုအခြေအနေအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများ သို့ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျေးရွာစာကြည့်တိုက် ရေရှည်တည်တံ့အောင်မြင်စေရန် ဟောပြောခဲ့သည်။
ထို့နောက် မိုင်းလပ်ကျေးရွာအုပ်စုရှိ ဝမ်မိုင်ကျေးရွာနှင့် ဝမ်လွင်ကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းသို့သွားရောက်ကာ စာဖတ်ရှိန်မြှင့်တင်ရေးအသိ ပညာပေးဟောပြောခြင်း မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဓာတ်ပုံများပြသခြင်း၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ် စာစောင်များပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)