နမ့်စန်(တ) ဇူလိုင် ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများအား ဇွန်လနောက်ဆုံးပတ်မှစတင်၍ နမ့်စန်မြို့နယ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်၏ ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက နမ့်စန်မြို့ရှိ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉ နာရီ မှ ညနေ ၄ နာရီခွဲအထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Pfizer JN1)ထိုးနှံပေးလျက်ရှိပြီး ဇူလိုင် လ ၃ ရက်နေ့အထိ ၁၇၄၂ ဦးထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)