ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်၊ လွိုင်ကော်မြို့အား စိမ်းလန်းသောမြို့ သန့်ရှင်းသောမြို့ဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၅ ရက် နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် အဖွဲ့ဝင်များသည် လွိုင်ကော်မြို့၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများက ကုသိုလ်ပြုစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို  ကြည့်ရှုအားပေးသည်။

ကလေးမြို့တွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများစုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကလေးမြို့နယ်လုံးဆိုင်ရာ ရွှေဘုံသာစေတီတော်မြတ်ကြီးဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၅ ခုနှစ်၊ မူဆယ်မဂ္ဂဇင်း (အထူးထုတ်) စာအုပ်မိတ်ဆက်ပွဲနှင့် ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ မူဆယ်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ စာရေးဆရာများ၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ပုံနှိပ်ထုတ်ဝေပြီးစီးခဲ့သော ၂၀၂၅ ခုနှစ်၊ မူဆယ်မဂ္ဂဇင်း (အထူးထုတ်) စာအုပ် မိတ်ဆက်ပွဲနှင့် ဂုဏ်ပြုပွဲအခမ်းအနားကို မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ မောက်ကိုဆွဲ့ခန်းမ(၂)တွင် ယနေ့နံနက် (၁၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

အလုံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

အလုံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့၀င်များက ​စောရန်ပိုင်တောင်​​ရပ်ကွက်ရှိ ငုဝါလမ်း၊စျေးလမ်းနှင့် ရဲလိုင်းခန်းသို့ ကွင်းဆင်း၍ ဆောင်ရွက်ခဲ့သည်။

အာနန္ဒာဘုရားကြီး ရွှေသင်္ကန်းကပ်လှူနိုင်ရေး လေလံပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့​ အာနန္ဒာ‌‌ဘုရားကြီး၏ ကွမ်းထောင်တော်၊ အထွဋ်စေတီ‌တော်၊ မုခ်ကပ်ဆင်းတုတော် (၂၀)နှင့် နတ်ရုပ်ကြီးများအား ရွှေသင်္ကန်းကပ်လှူနိုင်‌ရေးနှင့် စပ်လျဉ်း၍ ရွှေဆိုင်းတင်ဒါဖွင့်ပွဲအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရွှေသင်္ကန်းကပ်လှူနိုင်ရေး ဦးစီးကော်မတီနှင့် ကော်မတီဝင်များ၊ လုပ်ငန်းဆပ်ကော်မတီဝင်များ၊ ဂေါပကအဖွဲ့များ၊ လုပ်ငန်းဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များဖြင့် ယနေ့ နံနက် (၉)နာရီက ဂေါပကအဖွဲ့ရုံးတွင် မျက်ပါးရွှေဆိုင်းတင်ဒါပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်၌(၁၀၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၅)ရက်နေ့တွင် ကျရောက်သည့်(၁၀၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန် ကသမဝါယမအသင်းစုလီမိတက် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

လင်းခေးတပ်နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် (ဒုတိယအကြိမ်) ကျင်းပ

သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်၊ ရာသီဥတုကို အထောက်ကူပြုစေရန်၊ အရိပ်အာ ဝါသရရှိစေရန်နှင့် နိုင်ငံ့စီးပွားအား တစ်ဖက်တစ်လှမ်း အထောက်အကူပြုစေရန်တို့ကို ရည်ရွယ်လျက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့ တပ်နယ်စိုက်ကွင်းတွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် (ဒုတိယအကြိမ်)ကို ယနေ့နံနက် (၇)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းခရိုင်တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ကျောက်တော်ကြီး ဘုရားသုံးဆူပရိယတ္တိစာသင်တိုက်နှင့် နှင်းဆီကုန်းဘူတာအနီးတွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၇:၃၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

သထုံမြို့နယ်၊ တောင်စွန်း-အောင်းစိုင်-ကျောက်တန်း ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ သထုံမြို့နယ် တောင်စွန်း၊ အောင်းစိုင်နှင့် ကျောက်တန်းကျေးရွာတို့အား ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား ခရိုင်နှင့်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတို့မှ ယမန်နေ့နံနက်က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

သာပေါင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ငလျင်အကြောင်း အသိပညာပေး ဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ငလျင်အကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သာပေါင်း)ရှိ သော်ကဆောင် ခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to