ပေါင်မြို့နယ်၌၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၄/၂၀၂၅) သင်တန်းဆင်းပွဲပြုလုပ်

ပေါင် ဇူလိုင် ၅

မွန်ပြည်နယ် ပေါင်မြို့နယ်၌၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၄/၂၀၂၅) သင်တန်းဆင်းပွဲပြုလုပ်ခြင်းကို ယမန်နေ့ည‌နေပိုင်းက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဒုတိယပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမျိုးမင်းထွန်းက ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးနှံစိုက်စွမ်းအားတိုးတက်ရေး၊ မျိုးကောင်းမျိုးသန့်အသုံးပြုရေး၊ ကြဲခင်းစနစ်လျော့ချပြီး မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနိုင်ရေးကိုလည်းကောင်း၊ ပြည်နယ်မျိုးစေ့တာဝန်ခံ ဒေါ်မူမူတန်၊ သစ်စိမ်းမြေဩဇာများ  တွင်တွင်ကျယ်ကျယ် အသုံးပြုပြီးဓာတ်မြေဩဇာ လျော့ချအသုံးပြုနိုင်ရေးကိုလည်းကောင်း၊ ပြည်နယ်မြေအသုံးချရေးတာဝန်ခံ ဒေါ်မီမီအုန်းဝင်းက ပိုက်ဆံလျော်ပင်၊ ညံပင်၊ ဗောစကိုင်းပင်၊ ကုက္ကိုပင်၊ ပဲမျိုးစုံပင်၊ ဗေဒါပင်၊ မဲရိုင်းပင် စသည့်အပင်များအား မြေသဇာအသုံးပြု၍ တောင်သူတွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေးကိုလည်း‌ကောင်း၊ ပြည်နယ်သီးနှံကာကွယ်ရေးဌာနခွဲမှ ဒေါ်ယဉ်နွယ်ဝင်းက မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ သီးနှံဖျက်ပိုးမွှားနှင့်ရောဂါကာကွယ်ရေး၊  AI နည်းပညာအသုံးချပြီး စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာကဏ္ဍမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်ရေး စသည့်အကြောင်းအရာများကို သင်ကြားပြသခဲ့သည်။

အဆိုပါ သင်တန်းကိုသင်တန်းဆရာ (၄)ဦးက သင်တန်းသား (၁၅)ဦးတို့ဖြင့် (၂)ရက်ကြာ သင်ကြားပြသခဲ့သည်။ ပေါင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် သင်တန်းပို့ချခြင်းဖြင့် နိုင်ငံတော်၏ စားရေရိက္ခာဖူလုံစေရေးအပြင် ဂေဟစနစ်ထိမ်းသိမ်းခြင်း၊ လူသားတို့၏ အာဟာရဖူလုံရေး၊ စီးပွားရေးတည်ဆောက်မှု၊ ယဉ်ကျေးမှုထိန်းသိမ်းမှုနှင့် သဘာဝပတ်ဝန်းကျင် ဟန်ချက်ညီမှုတို့အတွက် မရှိမဖြစ်လုပ်ငန်းစဉ်ဖြစ်ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)