ပုံပါကျင် ဇူလိုင် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့တွင် ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်တားဆီးကာကွယ်နိုင်စေရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက်အတွင်းရှိ အ.ထ.က (ပုံပါကျင်)ကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် တိုက်နယ်ဆေးရုံမှ ဒေါက်တာစိုင်းတင်ထွန်း၀င်းနှင့် ကျန်းမာရေးဝန်ထမ်းများမှ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ပုံပါကျင်မြို့ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး vaccine Pfizer COMIRNATY JN.1 ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ဆက်လက်၍ ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အိအိဖြိုး(ပြန်/ဆက်)