ညောင်ဦးမြို့နယ်၌ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေး ဆွေးနွေးပွဲနှင့် ဉာဏ်ရည်တု (AI) နည်းပညာပြန့်ပွားရေး လုပ်ငန်းဆောင်ရွက်

ညောင်ဦး ဇူလိုင် ၅

ညောင်ဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ၂၀၂၅-၂၀၂၆ ခုနှစ်၊ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဉာဏ်ရည်တု (AI) အသုံးပြုနည်းပညာ တောင်သူနည်းပညာ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ကျင်းပရာ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ချယ်ရီသန်းမှ အမှာစကားပြောကြားပြီး ဒုတိယဦးစီးမှူး ဦးမျိုးထက်ထန်မှ ဉာဏ်ရည်တု (Al) နည်းပညာအား တောင်သူများ နားလည်သိရှိအသုံးပြုတတ်စေရန်နှင့် တောင်သူများ၏ ဖုန်းထဲဉာဏ်ရည်တု(Al) software များအား ထည့်သွင်းပေးခြင်း၊ အသုံးပြုနည်းလမ်းများကို စမ်းသပ်ပြသခြင်း စသည့်ပညာရပ်များ ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာအုပ်စု (၅)အုပ်စု၊ တောင်သူ (၁၅)ဦးတို့အား ဉာဏ်ရည်တု (Al) နည်းပညာ ပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ချယ်ရီသန်းမှလည်း အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး အသိပညာပေးခြင်း၊ ဝန်ထမ်းများမှ အဓိကပန်းတိုင်အထွက်ရရှိရေးနှင့်ပတ်သက်၍ တစ်ပတ်အတွင်း လုပ်ငန်းဆောင်ရွက်မှုများ ဆွေးနွေးခြင်းနှင့် တောင်သူများမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း